Powered By Blogger

Friday, October 12, 2012

ရင်ထဲတွင်သာ ပွင့်ကျန်ရစ်မည့် အလှ

 
အလှအလှ များစွာထဲတွင်
တုနိုင်းမရ ခံစားမှုကို 
ပေးစွမ်း နိုင်သော သဘာဝအလှကို
ပန်းချီ ၊ ဓါတ်ပုံ များစွာထဲ တွင် မြင်တွေ့ နိုင်လည်း
အမှန်တကယ် ထိတွေ့ခံစား မြင်နိုင် ဖို့က
ခက်ခဲလှ၏။

သို့အတွက်ကြောင့်
စိမ်းစိုလှပ၊ တောင်များပတ်လည် ၀န်းရံလျှက် 
လှချင်တိုင်းလှ သဘာဝ၏ မြို့တမြို့ ကို 
စိတ်ကူးကလေး ဖြင့် ပုံဖော်မိ၏။

စိတ်ကူးထဲမှ ပုံရိပ်လေးများ အပြင်ဘက်သို့
ထွက်ကျ လာမလားဟု တမျှော်မျှော် ဖြင့်
စောင့် စားမိ၏။

အလှတကာ့ အလှများစွာ စုစည်းနေသော 
ဘဘာဝ အလှသည် လက်တကမ်း တွင်
ရှိနေမည်ဟု အဘယ်သူများက
ထင်လိမ့်မည်နည်း။

 စိမ်းလမ်းစိုပြေ တောတောင်များ၏
သဘာဝ ၀အလှ ဖြင့် လှချင်တိုင်းသာလှနေပါသော
မြို့ကလေးဟာ ထားဝယ်မြို့ဟု 
လူအများက သိနိုင်ပါတော့မလား။

ထိုအလှများ  နောင်အခါတွင်
လူအများက ခံစားနိုင်ပါ့မလား ဟူသော
အတွေးကလေး ဟာ
ကျွန်တော့ ရင် ထဲတွင် တစတစ 
ကြီးထွားလျက် ရှိပါတော့သည်။

1 comment:

  1. gud gud gud... ... ... vry gud poem...... i like it

    ReplyDelete