အားလုံးပဲမင်္ဂလာပါ...... ဒါကတော့ ကျွန်တော့ရဲ့ ကိုယ်တိုင်ရေး ဝတ္တုတို လေးပါ... ကျွန်တော် ဒီဝတ္တုတိုလေးကို YUFL magazine မှာရေးသား ထားပါတယ်... ဒါပေမယ့် magazine က အခု မထွက်သေးလို့ သူငယ်ချင်းတို့ အရင်ဆုံး ဖတ်လို့ရအောင် ဒီ wall ပေါ်မှာ post တင်ပေး လိုက်ပါတယ်...... ဖတ်ရှု အားပေး တဲ့အတွက် လည်းကျေးဇူး တင်ပါတယ်......
နှစ်တွေဘယ်လိုပဲပြောင်းပြောင်း ကျောင်း တော်ကြီးကတော့မပြောင်းလဲပါဘူး။ ကျောင်းသား ကျောင်းသူဟောင်းတွေကို ကျောင်းတော်ကြီးကနေ လက်ပြနှုတ်ဆက်ပြီးအသစ်ရောက်လာတဲ့ ကျောင်း သူကျောင်းသားအသစ်လေးတွေကိုတော့ဒီကျောင်းတ်ာကြီးမှာပျော်ရွှင်စေနိုင်ဖို့ ကျွန်တော် ဆုတောင်း ပေးနေမိပါတယ်။ သူတို့လေးတွေကို ကြည့်ပြီး ကျွန် တော်အရမ်း ကြည်နူးရပါတယ်။ မနက်ရောက်ပြီဆို တာနဲ့သူတို့ရဲ့ ပျော်ရွှင်တက်ကြွတဲ့ အသံလေးတွေနဲ့ ကျွန်တော့ရဲ့ တစ်နေ့တာ ကို စတင်ပါ တော့ တယ်။ ကျွန်တော့ရဲ့နှုတ်ဆက်သံ ကို သူတို့ တွေ သတိမ ထားမိ သလောက် ပါဘဲ။ ကျွန်တော့ အနှားမှာ လာ ထိုင် ကြ တယ်။ ဒါ ပေ မယ့် ကျွန် တော့ကို သိရက်နဲ့မမြင် ၊မြင်ရက်နဲ့ မသိကြဘူး။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ဟာ ဒီတက္ကသိုလ်ကြီးရဲ့ ပန်းခြံ ထဲက သာမာန် ထိုင်ခုံ လေး တစ် လုံး ပါ။ ကျွန် တော့ အ တွက် တော့ ဒီ ကျောင်း ကြီး မှာ တစ် ယောက် တည်း အထီး ကျန် ဆန် ဆန်နေခဲ့ရတာကြာပါပြီ။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းတစ်ယောက် အရမ်းလိုချင်နေပါတယ်။
အဲဒီ နေ့ကို ကျွန်တော် မှတ် မိ နေ ပါ သေး တယ် ။အင်း… ကျောင်း တွေ စဖွင့်ပြီးလို့ (၁) ပတ် အကြာမှာပေါ့။နေ့စွဲကိုတော့မမှတ်မိ တော့ဘူး။ ကျွန်တော်တို့လို ထိုင်ခုံ တွေက နေ့စွဲတွေကိုမှတ်ဖို့ မလိုဘူး လေ။နေ့စွဲဆိုတာ ကိန်းဂဏန်း တွေ နဲ့အရမ်းကိုရှုပ်ပါတယ။် ပန်းခြံ ထဲ မှာ လူ ရှင်းနေ တုန်း အဲဒီ့ ကောင်လေး ကျွန်တော့ ရဲ့ဘေးမှာလာထိုင်တယ်။ကျောင်း သူ၊ ကျောင်းသား တွေဟာ (၁) ပတ် ဆိုတဲ့ အချိန် အတိုင်း အတာကို ကျော်ဖြတ်ပြီးတော့ သူငယ်ချင်း တွေရကုန် ကြပါပြီ။ ဒါပေမယ့် သူကတော့ မရသေးဘူး ထင်ပါတယ်။ ကျွန်တော်သူ့ကိုစမ်းပြီးနှုတ်ဆက်ကြည့်တယ်။အရင် ကသူကျွန်တော့ကို သတိမထားမိဘူးနေမှာပါ။ အခု ကျွန်တော့ကို ရုတ်တရက်မြင်လိုက်ရတော့ အရမ်း လန့်ပြီး ထွက်ပြေးသွားတယ်။သုံးရက်လောက်သူ့ကို ကျွန်တော်မတွေ့ရတော့ဘူး။လန့်ဖျား,ဖျား သွားတာ ထင်ပါတယ်။ကျွန်တော် သူဒီကိုပြန်လာမယ်ဆိုတာ ကိုသိပါတယ်။ဒါကြောင့်ကျွန်တော်သူ့ကိုဆက်စောင့် နေလိုက်ပါတယ်။
လေး ရက်မြောက်နေ့ မှာ သူ ကျွန်တော့ရဲ့ အနားမှာ လာထိုင်တယ်။ ကျွန်တော်ကပဲသူ့ကိုစပြီး နှုတ်ဆက်လိုက်ပါတယ်။ သူက ကျွန်တော့ကို မရဲ တရဲနဲ့ပြန်နှုတ်ဆက်ခဲ့ပါတယ်။ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးမှု ဟာ တဖြည်း ဖြည်းနဲ့ ရုပ်လုံးပေါ် လာပါပြီ။ အစကတော့ တစ်ယောက် ကိုတစ်ယောက် သာမန် မိတ် ဆွေ အဖြစ် စူးစမ်းရာ က နေပြီး တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု ရှိလာတဲ့နောက် ကောင်လေးရဲ့ ဘ၀ အကြောင်းတွေကို တဖြည်းဖြည်းနဲ့ သိလာခဲ့ရ ပါတယ်။…
သူ့ရဲ့နာမည်က သူရအောင် ပါ။သူပြောလို့ ရန်ကင်းမှာနေတယ်ဆိုတာကို သိရတယ်။ ပြီးတော့ သူ့မိဘတွေက ကွဲနေကြတာ။ အဖေကနိုင်ငံခြားမှာ။ ဒီမှာက သူ့အမေနဲ့ နေတာတဲ့။ မိဘတွေက ချမ်းသာ တယ် ဆိုပေမယ့် သူ့ခမျာမှာ မိစုံဖစုံ မနေရရှာတော့ လူတောထမတိုးရဲရှာဘူး။ သူ့မျက်နှာဟာ အမြဲတမ်း လိုလိုမှုန်မှိုင်းနေတာဘဲ။ ဖြစ်နိုင်ရင်လေ သူ့ကိုကျွန် တော်အရမ်းကူညီချင်ပါတယ်။ ကျွန်တော်ကသာမန် ထိုင်ခုံလေး တစ်လုံးပါ။ ဒါကြောင့် သူ့ကိုကူညီနိုင်မယ့် နည်းလမ်းတွေ ကို ကျွန် တော် စဉ်း စား တယ်။ နောက် ဆုံး တော့ အ ကြံ ကောင်း တစ်ခုကိုရလိုက်ပါ ပြီ။အဲဒါကတော့ သူ့ကိုနောက်ထပ် သူငယ်ချင်းတွေ ရှာပေးဖို့ပါဘဲ။
ကျွန်တော့ ရဲ့ အ ကြံ ကို ချက်ချင်း အကောင် အထည် ဖော် လိုက်ပါတယ်။ သူ့စာသင်ခန်းထဲက သူငယ်ချင်းတွေကို အရင်ဆုံး ကျွန် တော်ကစပြီး မိတ်ဆက်လိုက်တယ် လေ။ သူတို့တွေက သုံးယောက် အုပ်စုဆိုတော့ ဟို သတ္တိခဲကြီး လို ထွက်မပြေးဘဲ ခဏလေးနဲ့ ဘော်ဒါ တွေ ဖြစ်ကုန်ကြတယ်လေ။ သူတို့ ရဲ့နာမည်က မင်းခန့် ၊ ရဲထက် နဲ့ ဝေယံပါ။သူတို့က တော်တော်လေး ကို ခင်ဖို့ ကောင်းပါတယ်။ နည်း နည်း လည်းဂျစ်ကျတဲ့ အုပ်စုပါဘဲ။ ဒါနဲ့ ကျွန်တော်လည်း သူရ ကို ရဲထက်တို့ အုပ်စုနဲ့မိတ်ဆက်ပေးပြီးတဲ့ နောက် ပိုင်းသူရ ရဲ့ အပြုံး တွေက တဖြည်း ဖြည်းနဲ့ ပီပြင်လာခဲ့ပါပြီ။ သုံးယောက် အုပ်စု ကနေ လေးယောက် အုပ်စုဖြစ်သွားပြီး ပျော်နေကြတာကို တွေ့ရတော့ကျွန်တော်လည်းအရမ်းပျော်မိပါတယ်။
နောက် တစ်လ လောက်လည်း ကြာရော သူတို့အုပ်စုထဲမှာ ကောင်မလေးနှစ်ယောက်ထပ်တိုး လာပြန်ရော။ လေးယောက်အုပ်စု ကနေပြီး ခြောက် ယောက်အုပ်စုဖြစ်သွားပြီ။ ဒီတစ်ခါတော့ကျွန်တော် ကကြားထဲကနေပြီး ပွဲစားလုပ်ပေးစရာမလိုတော့ဘူး ပေါ့။ အခုဆို သူတို့အုပ်စုလေးဟာ တော်တော့ကို ပျော်စရာကောင်းပါတယ်။ သူငယ်ချင်းတွေ အုပ်စု လိုက် ကျွန်တော့အနားလာပြီး စကားတွေပြောကြ။ သူတို့အချင်းချင်း စကြနောက်ကြနဲ့ အရမ်းကိုပျော်ဖို့ ကောင်းပါတယ်။ ဒီလိုနဲ့ပဲ first year ရဲ့ first semester အချိန်လေးဟာ ကုန်လိုက်မှန်းမသိကုန် လွန်ခဲ့ပါပြီ။ အခုဆိုရင် သူတို့တတွေ ကျွန် တော့ ဆီ ကိုတောင်လာမလည်ကြတော့ဘူး။ လာတော့လည်း အရင်လိုမျိုး စကားတွေသိပ်ပြီး ဖောင်ဖွဲ့မနေကြ တော့ဘူးလေ။စာမေးပွဲနတ်ဝင်ပူးတယ်ဆိုတာ ဒါမျိုး နေမှာ။အဟီး…လူတွေ လူတွေ။ ခက်လိုက်တာနော်။ ဘ၀မှာ ဒီလိုမျိုး ခက်ခဲအောင်နေမှ ပျော်ကြလား မသိပါဘူး။
ဒီလိုနဲ့ စာမေးပွဲလည်း ဖြေပြီးလို့ ကျောင်း နှစ်လ ပိတ်တော့ ကျွန်တော် တစ်ယောက်တည်း ကျောင်းမှာပျင်းပြီးတော့ကျန်ရစ်တယ်လေ။
ဒီလိုနဲ့ ကျောင်း တွေ ပြန်ဖွင့် တော့ လည်း သူတို့တွေ အခင်အမင်မပျက်ကြ။ အရင်လိုပါဘဲ။ ကျောင်းပြန်ဖွင့်ပြီး နှစ်ပတ်လောက် အကြာမှာတော့ ကျောင်းမှာ သီချင်းဆိုပြိုင်ပွဲနဲ့ကြုံပါလေရော။ အဲဒီ မှာပြဿနာကစတာ။ ဖြစ်ပုံကဒီလို။ ကျောင်းရဲ့ hall ကသေးတယ်လေ။ဒါကြောင့် ပြိုင်ပွဲကို အချိန်တွေခွဲ၊ ပွဲကြည့်ပရိသတ်တွေကိုလည်း ပွဲစဉ်လက်မှတ်တွေနဲ့ ကြည့်ခိုင်းရော။ လက်မှတ်ကနည်းနည်း၊ ကြည့်မဲ့သူ ကများများဆိုတော့ မဲနှိုက်ရပါလေရာ။ အဲဒီမှာသူတို့ အုပ်စုထဲက ဝေယံတစ်ယောက်တည်း ပွဲလက်မှတ် ကို မဲပေါက်တယ်။ ကျန်တဲ့သူတွေက မပေါက်ဘူး လေ။ပြီးတော့ သူ့လက်မှတ်ကို သူသဘောကျနေတဲ့ ကောင်မလေးကို ပေးလိုက်ပါလေရော။ အဲဒါကို ဟို နှစ်ယောက်လည်း သိသွားရော ပွဲကြမ်းပါ လေရော။ ပြဿနာက မကြီးပေမယ့် ကောင်မလေးတွေက သူတို့လေးယောက်ကို စကားမပြောတော့ဘူး။ ဟို လေးယောက် ကလည်း ပြန်ပြီး စကားမပြောဘူး။ နောက်ဆုံး တော့ ပြဿနာက ကျွန်တော့ ဆီကို ရောက်လာပါလေရော။ ကျွန်တော်လည်း ကြားထဲ ကနေတတ်နိုင်သလောက် စေ့စပ်ပေးပါတယ်။ ဒါပေ မယ့် စကားမပြောကြဘူး။ ကျွန်တော့ဆီကို တစ် ယောက်တစ်လှည့်စီလာလည်ကြတယ်။ ယောကျာင်္း လေးတွေ ကျွန်တော့ဆီကိုလာရင် မိန်းကလေးတွေ မလာတော့ဘူး။ ဒီလိုဘဲ မိန်းကလေးတွေလာလည် ရင် ယောကျာင်္းလေးတွေလာမလည်တော့ဘူး။ ကျွန် တော်ကတော့ သူငယ်ချင်းတွေ အချင်းချင်းစိတ်ဝမ်း မကွဲစေဖို့ ပြောတာဘဲ။ ဒါပေမယ့် သူတို့တစ်တွေက သူမှားတာ ငါမှားတာဆိုပြီး တစ်ယောက်နဲ့တစ် ယောက်ခွင့်လွှတ်ဖို့ကိုဝန်လေးနေကြတယ်လေ။ဒီလို နဲ့ first year ရဲ့ second semester ကတော့ ပျင်း ခြောက်ခြောက်နဲ့ပဲ ပြီးဆုံးသွားပါပြီ။
second year ရောက်တော့ သူတို့တတွေ ပြန်ခေါ်ချင်နေကြတယ်လေ။ဒါပေမယ့် ကိုယ်ကစပြီး တော့မခေါ်ချင်ဘူးတဲ့။ ပြန်ပြီးတော့လည်းခင်ချင်နေ ကြတယ်။ ကျွန်တော်သိပါတယ် သူတို့အရင်တုန်းက လိုမျိုးပြန်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာ။ တစ်ပိုင်းတောင် သေတော့မယ် ထင်တယ်…အဟီး။ လူတွေနော်…ရယ်ရတယ်။ ခင်ချင်တာကိုများ…ဟန် ဆောင်နေရသေးတယ်။ ကျွန်တော်လည်းသူတို့ကို ဆက်ပြီး မပြောတော့ဘူး။သူတို့အရှိန်အတိုင်း ဘယ် လောက် အ ထိ နေနိုင်လဲဆိုတာ ကို သိချင်လို့ ဒီအ
တိုင်းလေးလွှတ်ထားပေးလိုက်တယ်။ကြာကြာမခံပါဘူး။February လထဲလဲရောက်ရော တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောဘဲနဲ့ကို မနေနိုင်ကြတော့ဘူးလေ။ အင်း…Valentine’s day နေ့မှာပြန်ပြီးတော့ အဆင်ပြေ သွားကြတယ်လေ။
သူတို့ပြန်ခင်သွားပြီးတဲ့နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက်ကို ပိုပြီးတော့ရင်းနှီးသွားကြတယ်လေ။ ဒီလိုနဲ့သူတို့တစ်တွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ အတူတူစာကျက်လိုက်၊ အတူတူအတန်းလစ်လိုက်၊ အတူတူရုပ်ရှင်သွားကြည့်လိုက်နဲ့ဘဲ second year, third year ကိုကျော်ဖြတ် သွားကြပြီလေ။ အခုဆိုရင် မင်းခန့် နဲ့ ဝေယံက tourist guide တွေဖြစ်ကုန်ပြီ။ ရဲထက် ကတော့ သဘောင်္သား ဖြစ်သွားတယ်။ ဟို မိန်းကလေးနှစ်ယောက် ကတော့ ကော်ဖီဆိုင်ဖွင့်ပြီး တော့အခုဆိုကြီးပွားနေကြပြီလေ။ သူရကတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်နေတယ်လေ။ ဟိုမှာ သူငယ်ချင်းရောရှိရဲ့လားမသိဘူး။ ဒါပေမယ့် သူ လည်းအဆင်ပြေသွားမှာပါ
သူငယ်ချင်းဆိုတာ ရန်ဖြစ်လေပိုချစ်လေပါလားဆိုတာသိလိုက်ရတယ်။သူငယ်ချင်းကောင်းတွေဆိုတာ အနည်းဆုံးတစ်ခါတော့ စိတ်အခန့်မသင့်ဖြစ်ကြပြီးမှ တစ်ယောက် အမှားကို တစ်ယောက်က ခွင့်လွှတ်မယ်။တစ်ယောက်ရဲ့ အားနည်း ချက်ကိုတစ်ယောက်ကူညီမယ်။ ခံစားချက်တွေကိုအ တူတူမျှဝေမယ်။ ဒါမှဘဲ သူငယ်ချင်းကောင်းပီသ တော့မှာပေါ့။
သူတို့သူငယ်ချင်းတွေ တွေ့ရောတွေ့ဖြစ်ကြရဲ့လားမသိပါဘူး။ ကျွန်တော်နဲ့ကတော့ သူတို့နဲ့မဆုံဖြစ်တာကျောင်းပြီးသွားကတည်းကဆိုပါတော့။ဘယ်လိုဆို ဆိုသူတို့နဲ့ဆုံခွင့်ရတာ ကျွန်တော် အရမ်းကိုကံကောင်းခဲ့ပါတယ်။ မမေ့နိုင်စရာအမှတ်တရလေးပေါ့။ အခုတော့ ကျွန်တော်လည်းဟိုအရင်ကလိုတစ်ယောက်တည်း အထီးကျန်နေပါပြီ…
l@minl@y
deuxième année
Département de français
ကောင်းပါတယ်
ReplyDelete