Powered By Blogger

Sunday, November 11, 2012

ဘာသာရေးလိုက်စားသူများ

ဘိုဖြူရဲ့"တစ်မူးရှိလို့တစ်ပဲလှူ တို့ရှမ်းတောင်သူမှီနိုင်ရိုးလား" ဆိုတဲ့သီချင်းစာသားအတိုင်းဆိုရင် ကျွန်တော် တို့ကလဲ "တစ်ကျပ်ရှိလို့ တစ်မတ်လှူ တို့ထားဝယ်တွေကိုမှီနိုင်ပါ့မလား"လို့ပြောရမယ်ထင်ပါ တယ်။
ထားဝယ်သားတွေဆိုတာက အလှူအတန်းဆိုရင် အံ့မခန်းပါပဲ။ အခုလိုသီတင်းကျွတ်ကာလဆိုရင် မိသားစုတွေအလိုက်အလှူပွဲ၊ ကျောင်းသားတွေဘာသာရပ်တွေအလိုက် စုပေါင်းအလှူပွဲ၊ အဖွဲ့အစည်း အလိုက်စုပေါင်းဘုံကထိန် စတဲ့ ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြု အလှူပွဲတွေက မရေနိုင်လောက်အောင်ပါပဲ။
အလှူပွဲမရှိတဲ့နေဆိုလို့ ခပ်ရှားရှားပါပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆိုရင် အိမ်မှာထမင်းစားရတဲ့နေ့ကို မရှိသလောက်ပဲ။ (စိတ်ညစ်စရာကြီးနော် ဟီဟီး....)
အလှူပွဲများတဲ့နေဆိုရင် ကိုယ်အလှူဘယ်နှစ်ခုသွားပြီးပြီလဲဆိုတာကိုတောင်မမှတ်နိုင်ဘူး။ ဒါကြောင့် သီချင်းနာမည်လေးတွေနဲ့ကိုယ့်အထာလေးနဲ့ကိုယ်မှတ်ထားကြတယ်။ ပထမဆုံးအလှူဆိုရင်ကိစ္စမရှိသေး ဘူး။ နောက်ထပ်အလှူဆို့ရင်လည်းကိစ္စမရှိသေးဘူး။ဒါပေမယ့် ကျွန်တော်တို့က ဥာဏ်လင်းအောင်ရဲ. "ဒုတိယအကြိမ်လွင့်မျော"လို့အလွယ်မှတ်လိုက်တယ်။ နောက်ထပ်တစ်ခုထပ်သွားပြီးရင် ဒီအလှူက ရဲလေး "တတိယကာရန်"၊ မကုန်သေးဘူး နောက်တစ်ခုဆိုရင် G-latt တို့ဆိုထားတဲ့"လေးရာသီ"၊နောက်ထပ်အလှူ ရှိသေးတယ်ဆိုရင် ဒီအလှူက ခင်မောင်တိုးပဲ"ဆလမွန်ငါးတို့အပြန်"မှတ်မိလွယ်တယ်နော်။ေ နာက်ထပ် ရှိ သေးတယ်ဆိုရင် အငဲ ပဲ။"ဆဌမအာရုံ" ။ ပေါလိုက်တဲ့အလှူတွေဗျာ..နောက်ထပ်ရှိသေးတယ်တဲ့..ဒါဆို လည်း အငဲ ပါပဲ။ "ခုနစ်ထွေအက" ပဲပေါ့။ လှူပဲလှူနိုင်ကြတယ်ဗျာ သာဓု..သာဓု..သာဓု......
တစ်နေ့ကဆိုရင်သူငယ်ချင်း တစ်ယောက်နဲ့တွေ့လို့ မေးမိပါတယ်။ ဒီနေ့ဘာသီချင်းလဲ ဆိုတော့ သူက ဝိုင်ဝိုင်း ရဲ့ "နေဆယ်စင်း"တဲ့။ ကဲ..ယုံပြီမဟုတ်လား ။ ထားဝယ်သားတွေရဲ့ဒါန ပါရမီက သြထိုက်လောက် ပါတယ်။ ဒါတောင်စီးပွားရေးအဆင်မပြေကြလို့သာ။ အဆင်များအဆင်ပြေရင် Jme ရဲ့ "100%"တောင်ဖြစ် မလားမသိဘူး။