Powered By Blogger

Sunday, November 11, 2012

ဘာသာရေးလိုက်စားသူများ

ဘိုဖြူရဲ့"တစ်မူးရှိလို့တစ်ပဲလှူ တို့ရှမ်းတောင်သူမှီနိုင်ရိုးလား" ဆိုတဲ့သီချင်းစာသားအတိုင်းဆိုရင် ကျွန်တော် တို့ကလဲ "တစ်ကျပ်ရှိလို့ တစ်မတ်လှူ တို့ထားဝယ်တွေကိုမှီနိုင်ပါ့မလား"လို့ပြောရမယ်ထင်ပါ တယ်။
ထားဝယ်သားတွေဆိုတာက အလှူအတန်းဆိုရင် အံ့မခန်းပါပဲ။ အခုလိုသီတင်းကျွတ်ကာလဆိုရင် မိသားစုတွေအလိုက်အလှူပွဲ၊ ကျောင်းသားတွေဘာသာရပ်တွေအလိုက် စုပေါင်းအလှူပွဲ၊ အဖွဲ့အစည်း အလိုက်စုပေါင်းဘုံကထိန် စတဲ့ ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြု အလှူပွဲတွေက မရေနိုင်လောက်အောင်ပါပဲ။
အလှူပွဲမရှိတဲ့နေဆိုလို့ ခပ်ရှားရှားပါပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆိုရင် အိမ်မှာထမင်းစားရတဲ့နေ့ကို မရှိသလောက်ပဲ။ (စိတ်ညစ်စရာကြီးနော် ဟီဟီး....)
အလှူပွဲများတဲ့နေဆိုရင် ကိုယ်အလှူဘယ်နှစ်ခုသွားပြီးပြီလဲဆိုတာကိုတောင်မမှတ်နိုင်ဘူး။ ဒါကြောင့် သီချင်းနာမည်လေးတွေနဲ့ကိုယ့်အထာလေးနဲ့ကိုယ်မှတ်ထားကြတယ်။ ပထမဆုံးအလှူဆိုရင်ကိစ္စမရှိသေး ဘူး။ နောက်ထပ်အလှူဆို့ရင်လည်းကိစ္စမရှိသေးဘူး။ဒါပေမယ့် ကျွန်တော်တို့က ဥာဏ်လင်းအောင်ရဲ. "ဒုတိယအကြိမ်လွင့်မျော"လို့အလွယ်မှတ်လိုက်တယ်။ နောက်ထပ်တစ်ခုထပ်သွားပြီးရင် ဒီအလှူက ရဲလေး "တတိယကာရန်"၊ မကုန်သေးဘူး နောက်တစ်ခုဆိုရင် G-latt တို့ဆိုထားတဲ့"လေးရာသီ"၊နောက်ထပ်အလှူ ရှိသေးတယ်ဆိုရင် ဒီအလှူက ခင်မောင်တိုးပဲ"ဆလမွန်ငါးတို့အပြန်"မှတ်မိလွယ်တယ်နော်။ေ နာက်ထပ် ရှိ သေးတယ်ဆိုရင် အငဲ ပဲ။"ဆဌမအာရုံ" ။ ပေါလိုက်တဲ့အလှူတွေဗျာ..နောက်ထပ်ရှိသေးတယ်တဲ့..ဒါဆို လည်း အငဲ ပါပဲ။ "ခုနစ်ထွေအက" ပဲပေါ့။ လှူပဲလှူနိုင်ကြတယ်ဗျာ သာဓု..သာဓု..သာဓု......
တစ်နေ့ကဆိုရင်သူငယ်ချင်း တစ်ယောက်နဲ့တွေ့လို့ မေးမိပါတယ်။ ဒီနေ့ဘာသီချင်းလဲ ဆိုတော့ သူက ဝိုင်ဝိုင်း ရဲ့ "နေဆယ်စင်း"တဲ့။ ကဲ..ယုံပြီမဟုတ်လား ။ ထားဝယ်သားတွေရဲ့ဒါန ပါရမီက သြထိုက်လောက် ပါတယ်။ ဒါတောင်စီးပွားရေးအဆင်မပြေကြလို့သာ။ အဆင်များအဆင်ပြေရင် Jme ရဲ့ "100%"တောင်ဖြစ် မလားမသိဘူး။

Monday, October 22, 2012

Hindu Religious Festival in Dawei

ထားဝယ်မြို့ နှစ်စဉ်သီတင်းကျွတ်လတွင်ကျင်းပလေ့ရှိသော ဟိန္ဒူဘာသာ ရေး ပွဲတော်တစ်ခုဖြစ်သည်။အဆိုပါပွဲတော်၌ ကံစမ်းမဲလက်မှတ် များရောင်းချ၍ မဲဖေါက်ပေးခြင်းများပြုလုပ်လေ့ရှိသည်။ ပွဲတော်ကျင်းပသည့်ရက်မှာ (ရ)ရက်ကြာမြင့်လေ့ရှိပြီး ညနေနာရီလောက်မှ စတင်၍ ပွဲတော်၏ မုန့်ဈေးတန်းတွင်စည်ကားလေ့ရှိသည်။ ပွဲတော်ကျင်းပသည့် အချိန်သည် အဝေးသင်ကျောင်း၊သားကျောင်းသူများကျောင်းတက် သည့် အချိန်နှင့်တိုက်ဆိုင်သဖြင့် နှစ်စဉ်စည်ကားသောပွဲတော်တစ်ခုဖြစ်သည်။
All photo are taken by Myself.
cook sticky rice in bamboo ကောက်ညှင်းကျည်တောက် လို့ခေါ်ကြမယ်ထင်တယ်... 
Have you ever try this ? ;) it's call "Apar snack" (in tavoy language) 

Though... Fried something LOL ;)
တုတ်ထိုးကြော်ဆိုလားဘာလား..ခေါ်ကြပါသည်။ 

စားကြမယ်ဟေ့ ကောင်းကောင်း.... 

ညနေပိုင်းပွဲဈေးမှာလည်းစည်တယ်နော်... 

ထားဝယ်ရိုးရာတေးသီချင်းတွင် ပါဝင်သည့် (ရှမ်းမလည်ဆွဲ ... ... ဘုရားလှည့်တဲ့ပွဲ) ပွဲတော်ဖြစ်သည်။


Saturday, October 13, 2012

လာလှည့်ပါမိတ်ဆွေ ထားဝယ်မြို့သို့ အလည်တစ်ခေါက်
 နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်စွာဆက်ဆံတတ်သော
 ထားဝယ်လူငယ်များအသင်းမှကြိုဆိုလျှက်ပါ
ပင်လယ်ပြာပြာ တောင်ပတ်လည်ဝန်းရံနေသော
 ရေကျစီးသံတစ်သွင်သွင်
 ကျေးငှက်တွန်ကျူးသံသာသာဖြင့် ဦးစွာပထမသင့်အားအပန်းပြေစေပါမည်။

Friday, October 12, 2012

သဘာဝအလှတရားတွေကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး....................

This is the very first of our web. Congratulations to you all !!!!!!! Thank to the teachers from MIDO. Because of you two, we all are united and enjoyed every moment of this. For now on, we promise to start our blogging.

Here is our enthusiatic amateur young bloggers.

This is our charming teacher.





                                   This is our amazing teacher & dawei youths.

Dawei bazaar & market


ရှုခင်းအလှများ 


ထုဆစ်နေဆဲ ဘုရား

ထားဝယ်မြို့ဂုဏ်ဆောင် လောကမာရဇိန်ဘုရားဝင်းထဲမှ အသစ်ထုဆစ်နေသော ဘုရား

ထုဆစ်နေဆဲ ဘုရားတစ်ဆူ
ထုဆစ်နေသောဘုရား တည်ထားမည့် ဗောဓိပင်


ရင်ထဲတွင်သာ ပွင့်ကျန်ရစ်မည့် အလှ

 
အလှအလှ များစွာထဲတွင်
တုနိုင်းမရ ခံစားမှုကို 
ပေးစွမ်း နိုင်သော သဘာဝအလှကို
ပန်းချီ ၊ ဓါတ်ပုံ များစွာထဲ တွင် မြင်တွေ့ နိုင်လည်း
အမှန်တကယ် ထိတွေ့ခံစား မြင်နိုင် ဖို့က
ခက်ခဲလှ၏။

သို့အတွက်ကြောင့်
စိမ်းစိုလှပ၊ တောင်များပတ်လည် ၀န်းရံလျှက် 
လှချင်တိုင်းလှ သဘာဝ၏ မြို့တမြို့ ကို 
စိတ်ကူးကလေး ဖြင့် ပုံဖော်မိ၏။

စိတ်ကူးထဲမှ ပုံရိပ်လေးများ အပြင်ဘက်သို့
ထွက်ကျ လာမလားဟု တမျှော်မျှော် ဖြင့်
စောင့် စားမိ၏။

အလှတကာ့ အလှများစွာ စုစည်းနေသော 
ဘဘာဝ အလှသည် လက်တကမ်း တွင်
ရှိနေမည်ဟု အဘယ်သူများက
ထင်လိမ့်မည်နည်း။

 စိမ်းလမ်းစိုပြေ တောတောင်များ၏
သဘာဝ ၀အလှ ဖြင့် လှချင်တိုင်းသာလှနေပါသော
မြို့ကလေးဟာ ထားဝယ်မြို့ဟု 
လူအများက သိနိုင်ပါတော့မလား။

ထိုအလှများ  နောင်အခါတွင်
လူအများက ခံစားနိုင်ပါ့မလား ဟူသော
အတွေးကလေး ဟာ
ကျွန်တော့ ရင် ထဲတွင် တစတစ 
ကြီးထွားလျက် ရှိပါတော့သည်။
သူငယ်ချင်းတို့............ရေ
           ကျွန်မနာမည်ကတော့.........ယဉ်လေးဖြစ်ပါတယ်။အင်္ဂလိပ်စာမေဂျာနဲ့ကျောင်းပီးထားပါတယ်။
ခုတော့သုတေသနအလုပ်ကိုယာယီအလုပ်အနေဖြင့်လုပ်ကိုင်နေပါတယ်။ဒီလုပ်ငန်းမျိုးကိုဆက်လက်လုပ်ကိုင်ချင်
ပါတယ်။။။။
ထားဝယ်မှ ကရ၀ိတ်အငယ်လေးပါ။

ကျောင်းပုံပြင်

အားလုံးပဲမင်္ဂလာပါ...... ဒါကတော့ ကျွန်တော့ရဲ့ ကိုယ်တိုင်ရေး ဝတ္တုတို လးပါ... ကျွန်တေ် ဒီဝတ္တုတိုလေးကို  YUFL magazine မှာရေးသား ထားပါတယ်... ဒါပေမယ့် magazine က အခု ထွက်သေးလို့ သူငယ်ချင်းတို့ အရင်ဆုံး ဖတ်လို့ရအောင် ဒီ wall ပေါ်မှpost တင်ပေး လိုက်ပါတယ်......  ဖတ်ရှု အားပေး တဲ့အတွက် လည်းကျေူးး တင်ပါတယ်......
မိတ်ဆွေတို့ေ၇.....................
      
            ကျွန်တော်ကတော့တက္ကသိုလ်ကျောင်းသားတယောက်ပါ။
                                               ခုတလောကျွန်တော်ထားဝယ်မဂ္ဂဇင်းအတွက်အချစ်ဝတ္ထုတိုတစ်ပုဒ်ေ၇းနေပါသည်................အမည်ကတော့ေ၇ွှဝယ်မြို့မှအနှိုင်းမဲ့...အချစ်သံယောဇဉ်................

Dawei river & Neglect





DAWEI RIVER & NEGLECT







ထားဝယ်မြို့အတွင်းခရီးသွားမှတ်တမ်း

နဘုလယ်ကမယင်းကြီးကမ်းခြေ
စန်းလန်းကမ်းခြေ