Powered By Blogger

Sunday, November 11, 2012

ဘာသာရေးလိုက်စားသူများ

ဘိုဖြူရဲ့"တစ်မူးရှိလို့တစ်ပဲလှူ တို့ရှမ်းတောင်သူမှီနိုင်ရိုးလား" ဆိုတဲ့သီချင်းစာသားအတိုင်းဆိုရင် ကျွန်တော် တို့ကလဲ "တစ်ကျပ်ရှိလို့ တစ်မတ်လှူ တို့ထားဝယ်တွေကိုမှီနိုင်ပါ့မလား"လို့ပြောရမယ်ထင်ပါ တယ်။
ထားဝယ်သားတွေဆိုတာက အလှူအတန်းဆိုရင် အံ့မခန်းပါပဲ။ အခုလိုသီတင်းကျွတ်ကာလဆိုရင် မိသားစုတွေအလိုက်အလှူပွဲ၊ ကျောင်းသားတွေဘာသာရပ်တွေအလိုက် စုပေါင်းအလှူပွဲ၊ အဖွဲ့အစည်း အလိုက်စုပေါင်းဘုံကထိန် စတဲ့ ကထိန်ခင်း၊ ရဟန်းခံ၊ ရှင်ပြု အလှူပွဲတွေက မရေနိုင်လောက်အောင်ပါပဲ။
အလှူပွဲမရှိတဲ့နေဆိုလို့ ခပ်ရှားရှားပါပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆိုရင် အိမ်မှာထမင်းစားရတဲ့နေ့ကို မရှိသလောက်ပဲ။ (စိတ်ညစ်စရာကြီးနော် ဟီဟီး....)
အလှူပွဲများတဲ့နေဆိုရင် ကိုယ်အလှူဘယ်နှစ်ခုသွားပြီးပြီလဲဆိုတာကိုတောင်မမှတ်နိုင်ဘူး။ ဒါကြောင့် သီချင်းနာမည်လေးတွေနဲ့ကိုယ့်အထာလေးနဲ့ကိုယ်မှတ်ထားကြတယ်။ ပထမဆုံးအလှူဆိုရင်ကိစ္စမရှိသေး ဘူး။ နောက်ထပ်အလှူဆို့ရင်လည်းကိစ္စမရှိသေးဘူး။ဒါပေမယ့် ကျွန်တော်တို့က ဥာဏ်လင်းအောင်ရဲ. "ဒုတိယအကြိမ်လွင့်မျော"လို့အလွယ်မှတ်လိုက်တယ်။ နောက်ထပ်တစ်ခုထပ်သွားပြီးရင် ဒီအလှူက ရဲလေး "တတိယကာရန်"၊ မကုန်သေးဘူး နောက်တစ်ခုဆိုရင် G-latt တို့ဆိုထားတဲ့"လေးရာသီ"၊နောက်ထပ်အလှူ ရှိသေးတယ်ဆိုရင် ဒီအလှူက ခင်မောင်တိုးပဲ"ဆလမွန်ငါးတို့အပြန်"မှတ်မိလွယ်တယ်နော်။ေ နာက်ထပ် ရှိ သေးတယ်ဆိုရင် အငဲ ပဲ။"ဆဌမအာရုံ" ။ ပေါလိုက်တဲ့အလှူတွေဗျာ..နောက်ထပ်ရှိသေးတယ်တဲ့..ဒါဆို လည်း အငဲ ပါပဲ။ "ခုနစ်ထွေအက" ပဲပေါ့။ လှူပဲလှူနိုင်ကြတယ်ဗျာ သာဓု..သာဓု..သာဓု......
တစ်နေ့ကဆိုရင်သူငယ်ချင်း တစ်ယောက်နဲ့တွေ့လို့ မေးမိပါတယ်။ ဒီနေ့ဘာသီချင်းလဲ ဆိုတော့ သူက ဝိုင်ဝိုင်း ရဲ့ "နေဆယ်စင်း"တဲ့။ ကဲ..ယုံပြီမဟုတ်လား ။ ထားဝယ်သားတွေရဲ့ဒါန ပါရမီက သြထိုက်လောက် ပါတယ်။ ဒါတောင်စီးပွားရေးအဆင်မပြေကြလို့သာ။ အဆင်များအဆင်ပြေရင် Jme ရဲ့ "100%"တောင်ဖြစ် မလားမသိဘူး။

Monday, October 22, 2012

Hindu Religious Festival in Dawei

ထားဝယ်မြို့ နှစ်စဉ်သီတင်းကျွတ်လတွင်ကျင်းပလေ့ရှိသော ဟိန္ဒူဘာသာ ရေး ပွဲတော်တစ်ခုဖြစ်သည်။အဆိုပါပွဲတော်၌ ကံစမ်းမဲလက်မှတ် များရောင်းချ၍ မဲဖေါက်ပေးခြင်းများပြုလုပ်လေ့ရှိသည်။ ပွဲတော်ကျင်းပသည့်ရက်မှာ (ရ)ရက်ကြာမြင့်လေ့ရှိပြီး ညနေနာရီလောက်မှ စတင်၍ ပွဲတော်၏ မုန့်ဈေးတန်းတွင်စည်ကားလေ့ရှိသည်။ ပွဲတော်ကျင်းပသည့် အချိန်သည် အဝေးသင်ကျောင်း၊သားကျောင်းသူများကျောင်းတက် သည့် အချိန်နှင့်တိုက်ဆိုင်သဖြင့် နှစ်စဉ်စည်ကားသောပွဲတော်တစ်ခုဖြစ်သည်။
All photo are taken by Myself.
cook sticky rice in bamboo ကောက်ညှင်းကျည်တောက် လို့ခေါ်ကြမယ်ထင်တယ်... 
Have you ever try this ? ;) it's call "Apar snack" (in tavoy language) 

Though... Fried something LOL ;)
တုတ်ထိုးကြော်ဆိုလားဘာလား..ခေါ်ကြပါသည်။ 

စားကြမယ်ဟေ့ ကောင်းကောင်း.... 

ညနေပိုင်းပွဲဈေးမှာလည်းစည်တယ်နော်... 

ထားဝယ်ရိုးရာတေးသီချင်းတွင် ပါဝင်သည့် (ရှမ်းမလည်ဆွဲ ... ... ဘုရားလှည့်တဲ့ပွဲ) ပွဲတော်ဖြစ်သည်။


Saturday, October 13, 2012

လာလှည့်ပါမိတ်ဆွေ ထားဝယ်မြို့သို့ အလည်တစ်ခေါက်
 နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်စွာဆက်ဆံတတ်သော
 ထားဝယ်လူငယ်များအသင်းမှကြိုဆိုလျှက်ပါ
ပင်လယ်ပြာပြာ တောင်ပတ်လည်ဝန်းရံနေသော
 ရေကျစီးသံတစ်သွင်သွင်
 ကျေးငှက်တွန်ကျူးသံသာသာဖြင့် ဦးစွာပထမသင့်အားအပန်းပြေစေပါမည်။

Friday, October 12, 2012

သဘာဝအလှတရားတွေကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး....................